
Video ဖိုင်တွေ အများဆုံးနဲ့ အမျိုးအစားအစုံ ရှိတဲ့ ဆိုဒ်တစ်ခုကို ပြောပါဆိုရင် You Tube ဝဘ်ဆိုဒ်ကိုပဲ ပြောရပါလိမ့်မယ်။
ကိုယ်ကြည့်ချင်တဲ့ Video ဇာတ်ကားတွေ၊ သီချင်းတွေ ကိုယ်လိုချင်တဲ့ ဆော့ဝဲလ်တွေနဲ့ နည်းပညာအကြောင်းအရာတွေ
စသည်ဖြင့် သင်အလိုရှိရာ သွားရောက် ရှာဖွေပြီး လေ့လာနိုင်ပါတယ်။ အဲဒီအထဲကမှ ကျွန်တော် အများဆုံး ရှာပြီး ကြည့်ဖြစ်တာက
သီချင်းတွေပါပဲ။ Mp3 သီချင်းတွေချည်း သီးသန့်တင်တဲ့ ဆိုဒ်တွေ များတယ်ဆိုပေမယ့် Video ဖိုင်နဲ့က You Tube မှာပဲ အစုံ
ရှိတာပါ။ ပြီးတော့ Flash Song လုပ်တဲ့ သူငယ်ချင်းတွေ အတွက် သီချင်းစာသားတွေ လိုမှာပေါ့။ အဲဒါမျိုးကျတော့ မူရင်း Video
ဖိုင်မှာပဲ ရှိပါတယ်။ Mp3 သီချင်းကို နားထောင်ပြီး ရေးရမယ်ဆိုရင် သေဖို့ပဲ ရှိပါတယ်။ အထပ်ထပ် အခါခါ နားထောင်ပြီး ကြာရင်
နားလည်း ကောင်းတော့မယ့်ပုံတောင် ပေါ်မှာ မဟုတ်တော့ပါဘူး။ နောက်တစ်ခုက You Tube က Video တွေကို Firefox Add On
သုံးပြီး ကိုယ်လိုချင်တဲ့ ဖိုင်ဆိုဒ်နဲ့ ရွေးပြီး ဒေါင်းယူလို့ ရတော့ ဖိုင်ဆိုဒ်ချုံ့စရာလည်း မလိုတော့ဘူး။ ပြီးတော့ ဒေါင်းရတာ
လိုင်းလည်း မနှေးတော့ဘူးပေါ့။ အဲလိုလုပ်နည်းကို ဒီနေရာလေးမှာ တင်ထားပြီးသားပါ။ ဒီနေ့ ပြောမှာက You Tube က
ကိုယ်ကြိုက်တဲ့ Video တွေကို တစ်ခြားဆိုဒ်တွေမှာ တင်တဲ့အခါ Auto Play လာအောင် လုပ်တဲ့နည်းပါ။ ရိုးရိုးတင်တာကတော့
လူတိုင်းလိုလို သိကြပေမယ့် ဒီနည်းလေးကိုတော့ လူသိ အရမ်းနည်းပါတယ်။ ပထမဦးဆုံး www.youtube.com ကို သွားပါ။
အောက်က ပုံလေးအတိုင်း Search Box မှာ ကိုယ်လိုချင်တဲ့ ၊ ကြည့်ချင်တဲ့ သီချင်းနာမည် [ သို့ ] အဆိုတော်နာမည်ကို
ရိုက်ထည့်ပြီး အပြာရောင်နဲ့ ပြထားတာလေးကို နှိပ်လိုက်ပါ။

အဲဒါဆိုရင်တော့ ကိုယ်ရှာလိုက်တဲ့ သီချင်းတွေ ပေါ်လာပါလိမ့်မယ်။

ကျွန်တော်ကတော့ အပေါ်ဆုံးက ဟာလေးကိုပဲ နှိပ်ကြည့်လိုက်ပါတယ်။

နားထောင်ကြည့်ပေါ့နော်။ ကြိုက်တယ်ဆိုတော့ ဒေါင်းယူလိုက်ပေါ့။ နောက် ကိုယ့်ဆိုဒ်မှာ တင်ချင်တာတို့ ကိုယ့်စာမျက်နှာမှာ
တင်ချင်တာတို့ဆိုရင် အဲဒီ Video ကို Embed ကုတ် ယူပြီး ထည့်လို့ ရပါတယ်။အောက်က ပုံလေးအတိုင်းပေါ့နော်..။
Share >> Embed >> Code တွေကို ကော်ပီ လုပ်ပြီးတော့ Flash Song တွေ တင်သလို HTML ကို နှိပ်ပြီး ထည့်တင်ရင် ရပါပြီ။
အဲဒါက ရိုးရိုး You Tube သီချင်းတွေကို တင်တဲ့နည်းပါ။ အဲဒီ Video ဖိုင်က နှိပ်ပြီး ဖွင့်မှ လာပါတယ်။ Auto Play လုပ်ထားတာက
ဘာမှ လုပ်မှနှိပ်စရာ မလိုပဲ အော်တို လာနေမှာပါ။ ပြောရမယ်ဆိုရင်တော့ Play & Stop Button ထည့်ထားတဲ့ သီချင်းနဲ့
မထည့်ထားတဲ့ သီချင်းလိုပါပဲ။ အဲလို လုပ်ချင်တယ်ဆိုရင်တော့ ခုနကုတ်ကိုပဲ နည်းနည်းတော့ ပြင်ရပါတယ်..။
<iframe width="420" height="315" src="http://www.youtube.com/embed/hMAuZd9NMDA" frameborder="0" allowfullscreen></iframe>
အပေါ်က ကုတ်ကတော့ မူရင်း Embed ကုတ်ပါ။Auto Play လာအောင် လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်းပြင်ရပါမယ်။
<iframe width="420" height="315" src="http://www.youtube.com/v/hMAuZd9NMDA&autoplay=1" frameborder="0" allowfullscreen></iframe>
http://www.youtube.com ရဲ့ နောက်က embed နေရာမှာ v လို့ပြင်ရေးရပါမယ်။ Video ID ရဲ့ နောက်မှာ &autoplay=1 ကို
ထပ်ထည့်ပေးလိုက်ရင် ရပါပြီ။ နမူနာကို အောက်မှာ ကြည့်သွားနိုင်ပါတယ်။ဒါက မူရင်း Video Embed နဲ့ ထည့်ထားတာပါ။
ဒါကတော့ Auto Play လုပ်ထားတာ ဖြစ်ပါတယ်။
Credit:http://itwebcrazyboy.blogspot.com