Monday, March 24, 2014

Flash Song ဒေါင်းနည်း ၂ နှင့် ဖွင့်ရန် Player များ

ကျွန်တော် ဒီနေ့ရေးမှာလေးကတော့ Flash သီချင်းလေးတွေကို နားထောင်ရတာကို

ကြိုက်တဲ့ Flash Song ချစ်သူတွေ အတွက်ဖြစ်ပါတယ်.. သူငယ်ချင်းတို့ ကျွန်တော့်ဆိုဒ်ကိုလာပြီးတော့


Flash သီချင်းလေးတွေ နားထောင်ကြတယ်..အဲဒီအထဲကမှ ကိုယ်အရမ်းကြိုက်တဲ့ သီချင်းလေးတွေဆို


ဒေါင်းပြီး သိမ်းထားချင်တယ်..ကိုယ့်စက်ထဲမှာ ရှိထားတဲ့ အခါကျတော့ အင်တာနက် မရှိလည်း


ကြည့်လို့ နားထောင်လို့ ရတယ်လေ.. မဒေါင်းတတ်တော့ တိုင်ပတ်နေတာပေါ့နော်.. :)


 

Flash Song ဒေါင်းနည်းကို ဒီနေရာလေးမှာ  ရေးထားပါတယ်..Mozilla Firefox အသုံးပြုပြီး ဒေါင်းတာပါ ။


တစ်ချို့ကျတော့လည်း Firefox မှာ Menu Bar ပျောက်နေလို့ မလုပ်တတ်ဘူးဖြစ်နေကြတယ်..


အောက်က ပုံလေးကို ကြည့်လိုက်ပါ..အဆင်ပြေသွားပါလိမ့်မယ်...




ဒီအောက်က ပုံလေးလို ဖြစ်နေတာပေါ့ ဟုတ်တယ် ဟုတ်း)




အဲလိုမျိုး ဖြစ်နေတာဆိုရင်တော့ Firefox ရဲ့ အပေါ်ဆုံး ဘားတန်းပေါ်ကို Right Click ထောက်ကြည့်ပါ..


ဒီအောက်က ပုံလေးလို ပေါ်နေပါလိမ့်မယ်..မြားပြထားတဲ့  Menu Bar ကို တစ်ချက် ကလစ်ပေးလိုက်ပါ..


အမှတ်ခြစ်လေး ဖြစ်သွားတာပေါ့နော်..အဲဒါဆိုရင်တော့ Menu Bar က ပြန်ပေါ်လာပါလိမ့်မယ်..


သူငယ်ချင်းတို့က ဖျောက်ထားချင်တယ်ဆိုရင်လည်း ခုနတုန်းကလိုပဲ Menu Bar ကိုပဲ ပြန်နှိပ်ပေါ့နော်..







နောက် ခုန အပေါ်မှာ ရေးထားတဲ့ Flash Song ဒေါင်းနည်းက Firefox သုံးတဲ့ သူတွေအတွက်ပဲဆိုတော့


တစ်ခြား Google Chrome , Internet Explorer , Maxthon3 , စသည်ဖြင့်ပေါ့နော် တစ်ခြား


Web Browser တွေလည်း ရှိပါသေးတယ်..အဲဒါတွေ သုံးတဲ့ သူတွေအတွက်လည်း အဆင်ပြေအောင်


နောက်ထက် Flash Song ကို ဒေါင်းတဲ့ နည်းလေး ပြောပြပေးပါမယ်..အရင်ဆုံး သူငယ်ချင်းတို့


သီချင်းစာမျက်နှာ တစ်ခုကို သွားလိုက်ပါ.. ကိုယ် ဒေါင်းချင်တဲ့ သီချင်းနာမည်ကို Right Click


နှိပ်ပြီးတော့ Save Link As ကို နှိပ်လိုက်ပါ..ပြီးရင်တော့ ကိုယ် သိမ်းချင်တဲ့ နေရာ ရွေးပြီး Save


လုပ်လိုက်ရုံပါပဲ..အဲလောက်ဆိုရင်တော့ Flash Song ဒေါင်းတာ အဆင်ပြေလောက်ပါပြီနော်..





ကဲ ဒေါင်းလို့တော့ ရသွားပြီ ..ဖွင့်လို့ မရဘူးးးးးးးးးးး သေပြီပေါ့နော်..နားထောင်ချင်လို့


ဒေါင်းထားတာပါတယ်ဆို ဖွင့်လို့က မရ.. အပူနဲ့ အဲဒါတွေ အားလုံး အိုကေသွားစေရမယ်..:P


Flash တွေ ဖွင့်လို့ ရတဲ့ Player မရှိလို့ ဖွင့် မရတာပါ..အဲဒီအတွက် ကျွန်တော် Flash Song တွေ


ဖွင့်လို့ ရတဲ့ Player လေးတွေ တင်ပေးပါမယ်..အကောင်းဆုံးတစ်ခုကို ပြပါဆိုရင်တော့ KM Player ပါပဲ။


Flash Song တွေတင် ဖွင့်လို့ ရတာ မဟုတ်ပါဘူး..သူ့အကြောင်းလေး သေချာသိချင်ရင်တော့


အောက်မှာ ဖတ်ကြည့်..


" The KMPlayer is all-in-one media player covering various formats such as VCD, DVD, AVI, MKV, Ogg, OGM, 3GP, MPEG-1/2/4, WMV, RealMedia, QuickTime etc. It has an extra feature to play Incomplete/Damaged AVI file, Locked Media Files while downloading or sharing, Compressed Audio Album (zip, rar) and so on. It handles a wide range of subtitles and allows you to capture audio, video, and screenshots in many ways."





ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းယူလိုက်ပါ..ပြီးရင်တော့ Install လုပ်ပေါ့နော်..ဘယ်လိုဒေါင်းရမှန်းမသိ

ဖြစ်နေရင်တော့ အောက်ကပုံလေးကို သာကြည့်လိုက်ပါ..အနီရောင်နဲ့ ကွင်းပြထားတဲ့နေရာက


ကိုယ်သုံးချင်တဲ့ Version ကို နှိပ်ပြီး ဒေါင်းယူလိုက်ပါ.. အပေါ်ဆုံးကဟာကတော့ နောက်ဆုံးထွက်ပါ..





နောက်ထပ် Flash တွေ ဖွင့်လို့ရတဲ့ Player လေးကတော့ Gom Player ပါပဲ...
သူ့အကြောင်းလေးကိုတော့ ဒီအောက်မှာ ဖတ်လိုက်ပါ...


" GOM ဟာ ဖရီးပေးသုံးထားတဲ့ media player တွေထဲမှာတော့ အထင်ကရထဲမှာပါပါတယ် ..

သီချင်းဖွင့်လို့ရမယ် ..
ဗွီဒီယိုတွေကြည့်လို့ရမယ် .. ပြီးတော့ သီချင်း format များများနှင့် movie format

တော်တော်များများကို ဖွင့်နိုင်ပါတယ် ..
တစ်ချို့ တစ်ခြား media player တွေမှာ ဖွင့်လို့မရဘူးဆိုတဲ့ avi

format တွေကိုတောင်မှ သူက ဖွင့်နိုင်ပါတယ်တဲ့ ..
"




ကဲ လိုချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို သာနှိပ်ပြီး ဒေါင်းယူလိုက်တော့နော်..

ဒေါင်းပုံဒေါင်းနည်းကတော့ အပေါ်က ပုံနဲ့ အတူတူပါပဲ .. သူကတော့ KM Player လောက်တော့

မကောင်းဘူးဗျ ကြည့်ရတာ နည်းနည်းဝါးတယ်..ဖိုင်ဆိုဒ်ကလည်း 10 MB လောက်ဆိုတော့ အဲလောက်ပဲ

လာမှာပေါ့နော်.. ဒါပေမယ့် သုံးလို့ကတော့ တော်တော်လွယ်သလို အဆင်လည်းပြေပါတယ်...


ကဲ ဒီတစ်ခါ နောက်ဆုံး တင်ပေးမယ့် Player လေးကတော့ တော်တော်လေး ကောင်းပါတယ်..

Protable လေးဖြစ်တာကြောင့် Install လုပ်စရာလည်း မလို ဆိုင်တွေမှာ သွားထိုင်တဲ့လူတွေအတွက်လည်း

အဆင်ပြေမှာပါ မန်မိုရီ စတစ်ထဲ ထည့်သွားပြီး ဖွင့်ပေါ့နော်..ဖိုင်ဆိုဒ်ကလည်း 2MB တောင် မပြည့်ပါဘူး..

ကြည့်ရတာလည်း ကြည်နေတာပဲဗျာ..ဖွင့်ရတာပဲ နည်းနည်း အလုပ်ရှုပ်တယ်.ဟိဟိ





ကွန်မကောင်းတဲ့ သူငယ်ချင်းတွေအတွက်တော့ ဒေါင်းရတာ တော်တော်အဆင်ပြေမှာပါ..


သုံးချင်သူများ ဒီနေရာလေးကို ကလစ်ပြီးတော့ ဒေါင်းယူလိုက်ပါ..ဖွင့်နည်းမသိရင် အောက်မှာကြည့်း)







File >> Open File.. >>> Browse... ကိုနှိပ်ပြီးတော့ ဖွင့်ချင်တဲ့ သီချင်းကို ရွေး ၊ Open ကို


ကလစ်လိုက်တာနဲ့ နားထောင်လို့ ရပါပြီ..အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်..




မှတ်ချက် ။          ။ ပြထားတဲ့ ပုံတွေ သေးနေလို့ သေချာ မမြင်ရသူများ ပုံကို ထပ်ကလစ်ပြီး ကြည့်ကြပါရန်။



Credit:http://itwebcrazyboy.blogspot.com