Saturday, March 8, 2014

Samsung Phone တွေကို အတု အစစ် ခွဲခြား နိုင်ဖို့





Samsung ဖုန်း အတုနဲ့ အစစ်တွေကို ခွဲခြားမဲ့ နည်းတွေထဲက အောက်ပါ နည်းတစ်မျိုးကို ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ဒီကောင်လေးက Samsung ဖုန်းအားလုံး အတွက် မဟုတ်ပေမဲ့ အများစုကိုတော့ စမ်းလို့ ရမှာပါ။

ဒီပို့လေး အတွက် ရေနီဟက်ကာလေး ကို ကျေးဇူးတင် ပါတယ်ခင်ဗျာ။

Samsung တွေကို စစ်မစစ် Secret Code နဲ့ စမ်းသပ်ကြည့်ရအောင်




  • ပထမဦးဆုံး *#0011# ကို ဖုန်းခေါ်တဲ့ နေရာကနေ ရိုက်ခေါ်လိုက်ပါ

  • SIM Card မရှိရင်လည်း လိုင်းမိအားကို ပြသနိုင်ပါတယ်
  •  
  • အောက်က ပထမပုံ အတိုင်းတွေ့ရ ပါလိမ့်မယ်
  •  
  • အတုတွေမှာမပြနိုင်ပါဘူး
  •  
  • Clone တစ်ခု ကတော့ SIM Card ရှိနေလျှင် ပြပြီး မရှိလျှင် မပြနိုင်တာကို ပါတွေ့ရပါတယ်**




ဒုတိယစစ်ဆေးချက်လေးကတော့ *#0*# ပဲ ဖြစ်ပါတယ်

ဒုတိယပုံ အတိုင်းတွေ့ရ ပါလိမ့်မယ်။ Testလုပ်ဖို့တွေ ဖြစ်ပါတယ် လောလောဆယ်တော့ Clone ဖုန်း

အားလုံး ထိုစနစ် မပါရှိပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာထည့်လာနိုင်ပါတယ်။ ထည့်တာကအနည်းငယ်
လွယ်ပါလိမ့်မယ်။

တစ်ခု လေ့လာမိသည်မှာ ထိုအထဲမှ Receiver (White) ဆိုတာကိုတော့ တုပရန် Code ရေးဖို့ မဖြစ်
နိုင်ပါ။

မူရင်း IC ပေါ်မှာ မူတည်ပြီး ထည့်သွင်းထား တာကြောင့်ပါ။ Receiver (white) ကို နှိပ်ကြည့်
ပါ။ အသံမြည် ပါတယ်။

Credit >> ရေနီဟက်ကာလေး