ဒီနေ့တော့ Flash Song လေးတွေ ဖန်တီးနေတဲ့ ကျွန်တော့် သူငယ်ချင်း မိုးကဗျာက သူ လုပ်ခဲ့တဲ့ Flash Song တွေမှာ
အသုံးပြုခဲ့တဲ့ ပုံလေးတွေကို တစ်ခြား ဝါသနာတူ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးမယ်ဆိုလို့ တင်ပေးလိုက်ပါပြီ။
Flash Song လုပ်တဲ့အခါ ကိုယ်လုပ်မယ့် သီချင်းနဲ့ လိုက်ဖက်မယ့် ပုံလေးတွေကို အင်တာနက်ပေါ်မှာ လိုက်ရှာရတာနဲ့
လိုချင်တဲ့ ပုံလေး သီးသန့်ရအောင် Photoshop နဲ့ ဖြတ်ထုတ်ရတာ အချိန်တော်တော်ပေးရသလို စိတ်ရှည်ဖို့လည်း
လိုပါသေးတယ်။ ခု ဒီပုံလေးတွေကတော့ ဖြတ်ပြီးသားတွေဆိုတော့ အဆင်သင့်သုံးရုံပါပဲ။ တစ်ခြားလူတွေဆိုရင်တော့
ကိုယ် အချိန်တွေ အများကြီးပေးပြီး အပင်ပန်းခံလုပ်ထားရတဲ့ ဒီလိုပုံတွေကို ပေးချင်မှ ပေးမှာပါ။ စေတနာတွေပေါ့ဗျာ။
ပုံလေးတွေကို ကြိုက်လို့ လိုချင်တယ်ဆိုရင်တော့ အောက်က လင့်မှာ ဒေါင်းယူနိုင်ပါတယ်။ စုစုပေါင်း 52 ပုံ ရှိပါတယ်။
Download: မိုးကဗျာရဲ့ Flash Song ထဲမှ ပုံလေးများ
ဒီပုံလေးတွေကတော့ ကျွန်တော် အကြိုက်ဆုံး ပုံလေးတွေပါ။ အပေါ်က လင့်ထဲမှာ အကုန်ပါပါတယ်ဗျာ..။ ဒေါင်းယူကြပါ။